Anitech အမှတ်တံဆိပ် D224 USB Type-C Cable (ငွေရောင်) ဖြစ်ပါတယ်။ ဒေတာကူးပြောင်းမှု မြန်ဆန်တဲ့ ကေဘယ်ကြိုးဖြစ်ပြီး USB Type-C port ပါဝင်တဲ့ Laptop တွေနဲ့ တွဲဖက်အသုံးပြုနိုင်ပါတယ်။ ကြိုးရဲ့ အစွန်းနှစ်ဖက်စလုံးမှာ Pin (၂၄)ခုပါ Type-C ခေါင်း ပါဝင်မှာဖြစ်ပြီး နှစ်ဖက်စလုံးကို အသုံးပြုနိုင်ပါတယ်။ Notebook တွေ PC ကွန်ပြူတာတွေအတွက် ဒေတာကေဘယ်ကြိုးအဖြစ် အသုံးပြုနိုင်ပြီး စမတ်ဖုန်းနဲ့ တက်ဘလက်တွေအတွက် အားသွင်းကြိုးအဖြစ် အသုံးပြုနိုင်ပါတယ်။ ကြိုးအရှည်ဟာ (၁)မီတာ ဖြစ်ပြီးတော့ 2A နှုန်းနဲ့ အားသွင်းပေးနိုင်ပါတယ်။ Type-C Port ပါဝင်တဲ့ ကွန်ပြူတာတွေကို အသုံးပြုသူတွေ မရှိမဖြစ် ဆောင်ထားသင့်တဲ့ USB Type-C ကေဘယ်ကြိုးပဲ ဖြစ်ပါတယ်။